Case Summary

  1. ဒဂုံမြို့နယ် တရားရုံးတော် ၊ ရာဇ၀တ်ကြီးမှုအမှတ် ၂၃၆ / ၂၀၁၆

    ဒဂုံမြို့နယ် တရားရုံးတော်၏ ရာဇဝတ်ကြီးမှုအမှတ် ၂၃၆ /၂၀၁၆ တွင် တရားလို ဒုရဲမှူးသောင်းစိန် နှင့် ဒေါက်တာမြတ်နုခိုင် အမှုတွင် စွပ်စွဲ ခံရသူ ဒေါက်တာမြတ်နုခိုင် အတွက် မြန်မာမီဒီယာရှေ့နေများ ကွန်ရက်မှ ဦးသန်းဇော်အောင် ၊ဒေါ်သန္တာအောင်၊ ဒေါ်ဇင်မာဦး တို့က လိုက်ပါ ဆောင်ရွက် ခဲ့ပါသည်။

    အမှုမှာ (၂၉.၁၂.၂၀၁၄) နေ့က ဒဂုံမြို့နယ်၊ ပြည်ထောင်စု ရိပ်သာလမ်းနှင့် ဗပာိုလမ်းထောင့်ရှိတရုတ် နိုင်ငံသံရုံးအနီးတွင် ကိုနေမျိုးဇင် ၊ ကိုသန်းဆွေ ၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်မြတ်နု ၊နော်အုန်းလှ ၊ဒေါ်စိန်ထွေး နှင့် ဒေါ်စန်းစန်းမြင့်တို့ဦးဆောင်သည့် လူအင်အား (၁၀၀) ဦးခန့်သည် ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော်ခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်း ပြုလုပ် ခဲ့ကြသဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) အရ တရားစွဲဆို အရေးယူခဲ့ပါသည်။

    အဆိုပါ အမှုအား (၃၁.၃.၂၀၁၆) နေ့တွင် ရုံးတော်မှ ဒေါက်တာမြတ်နုခိုင်အား ပြစ်မှုကျူးလွန်ကြောင်း မတွေ့ရှိသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၄၅ (၁) အရ အမှုမှ အပြီးအပြတ် လွှတ်ခဲ့ပါသည်။

  2. ဒဂုံမြို့နယ် တရားရုံးတော် ၊ ရာဇဝတ်ကြီးမှုအမှတ် ၂၃၇ /၂၀၁၆

    ဒဂုံမြို့နယ် တရားရုံးတော်၏ ရာဇဝတ်ကြီးမှုအမှတ် ၂၃၇ /၂၀၁၆ တွင် တရားလို ဒုရဲမှူးသောင်းစိန် နှင့် ဒေါက်တာမြတ်နုခိုင် အမှုတွင် စွပ်စွဲ ခံရသူ ဒေါက်တာမြတ်နုခိုင် အတွက် မြန်မာမီဒီယာရှေ့နေများ ကွန်ရက်မှ ဦးသန်းဇော်အောင် ၊ဒေါ်သန္တာအောင်၊ ဒေါ် ဇင်မာဦး တို့က လိုက်ပါ ဆောင်ရွက်ခဲ့ပါသည်။

    အမှုမှာ (၂၉.၁၂.၂၀၁၄) နေ့က ဗပိာုလမ်းအတိုင်းတောင်မှ မြောက်သို့ လူစုလူဝေး တစ်စုသည် ကြွေးကြော်သံ များဖြင့် ပြည်ထောင်စုရိပ်သာလမ်းနှင့် ဗပာိုလမ်းသို့ ချီတက်လာပြီး ကွယ်လွန်သူ ဒေါ်ခင်ဝင်း အတွက် ရည်စူး၍ လွမ်းသူ့ပန်းခွေ ချခြင်း များ ပြုလုပ် ခဲ့သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၄/ ၃၅၃/ ၁၄၇/ ၁၄၉/ ၁၅၂/၅၀၅(ခ) တို့ အရ အရေးယူခဲ့ပါသည်။

    အဆိုပါ အမှုအား (၃၁.၃.၂၀၁၆) နေ့တွင် ဒေါက်တာမြတ်နုခိုင် အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄၇ အရ အပြစ်ကျူးလွန်ကြောင်းတွေ့ရသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁) နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ် ခဲ့ပါသည်။

  3. တနင်္သာရီတိုင်းဒေသကြီး ၊ရေဖြူမြို့နယ် တရားရုံး ၊ ၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ် (၁၁၁)

    တနင်္သာရီတိုင်းဒေသကြီး ၊ရေဖြူမြို့နယ် တရားရုံးတွင် ၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ် (၁၁၁) တွင် တရားလို ဦးဝင်းဦး ၊ ပတ်ဝန်းကျင် လူမှုဆက်ဆံရေး မန်နေဂျာ ၊ ဒယ်ကို သတ္တု တူဖော်ရေး ကုမ္ပဏီမှ တရားလို ပြုလုပ်ပြီး တနင်္သာရီဂျာနယ် ၃/၄၃ တွင် ဆောင်းပါး အက်ဆေး ရေးသားသူ ကိုအောင်လွင်အား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၀ အရ အရေးယူပေးပါရန် တိုင်တန်းခဲ့ပါသည်။ ၄င်း အမှုကို မြန်မာမီဒီယာရှေ့နေများ ကွန်ရက်မှ ရှေ့နေ ဦးသန်းဇော်အောင်၊ ဒေါ်တင်တင်သက် တို့မှ လိုက်ပါ ဆောင်ရွက်နေပါသည်။

    အမှုဖြစ်စဉ်မှာ တနင်္သာရီ ဂျာနယ်၃/၄၃ တွင် စာရေးသူအောင်လွင် က ငါးရံ့တစ်ကောင် ၏ ရင်ဖွင့်သံခေါင်းစဉ်ဖြင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ရာ အဆိုပါ ဆောင်းပါးမှာ ဒယ်ကို ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းသည်ပာုဆိုကာ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အမှုမှာ ဆက်လက်စစ်ဆေးဆဲ ဖြစ်ပါသည်။

  4. တိုက်ကြီးမြို့နယ်တရားရုံးတော် ၊ ၂၀၁၆ ခုနှစ်၊ရာဇဝတ်ကြီးမှု အမှတ် (၉၈)

    တိုက်ကြီးမြို့နယ်တရားရုံးတော် ၂၀၁၆ ခုနှစ်၊ရာဇဝတ်ကြီးမှု အမှတ် (၉၈) တွင် တရားလို ဦးစိုးသန်းနှင့် စွပ်စွဲခံရသူ အောင်ဇင်ဖြိုး (ခ) အောင်မင်း အမှုတွင် စွပ်စွဲခံရသူ အတွက် မြန်မာ မီဒီယာ ရှေ့နေများ ကွန်ရက်မှ ဒေါ်အေးအေးသက်က လိုက်ပါ ဆောင်ရွက် နေပါသည်။

    အမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ဗပာိုရွေးကောက်ပွဲအောင်နိုင်ရေးမှ ထုတ်ပြန်ထားခြင်းမရှိသည်ကို မိမိဘာသာ လုပ်ကြံဖန်တီး ၍ အင်တာနက်စာမျက်နှာတွင် အောင်ဇင် အမည်ဖြင့် (၅.၁၁.၂၀၁၅) ရက်နေ့ ည (၂၀း၂၁) အချိန်တွင် ဝါဒဖြန့်ဝေခြင်းကို ပြုလုပ်နေကြောင်းတွေ့ရှိ ရသဖြင့် ဆက်သွယ်ရေးကွန်ရက်တစ်ခုကို အသုံးပြု၍ အသရေဖျက်ခဲ့သူ အောင်ဇင်ဖြိုးကို အရေးယူပေးပါရန် ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင် ဦးစိုးသန်းက (၁.၂.၂၀၁၆) နေ့တွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ) အရ အရေးယူပေးရန် တိုင်တန်းသောအမှု ဖြစ်ပါသည် ။ အဆိုပါ အမှုမှာ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါသည်။

  5. မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတော် ၊ ၂၀၁၆ ခုနှစ်၊ရာဇဝတ်ကြီးမှု အမှတ် (၈၇)

    မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတော် ၂၀၁၆ ခုနှစ်၊ရာဇဝတ်ကြီးမှု အမှတ် (၈၇) တရားလို ရဲမှူး သိန်းအောင် နှင့် နော်အုန်းလှ ပါ (၃) အမှုတွင် စွပ်စွဲခံရသူ တင်ထွဋ်ပိုင်အတွက် မြန်မာ မီဒီယာ ရှေ့နေများ ကွန်ရက်မှ ရှေ့နေ ဦးသန်းဇော်အောင်၊ ဒေါ်သန္တာအောင် ၊ ဒေါ်ဇင်မာဦး တို့က လိုက်ပါ ဆောင်ရွက်ခဲ့ပါသည်။

    အမှုဖြစ်စဉ်မှာ (၈.၈.၂၀၁၄) နေ့ တွင် စွပ်စွဲခံရသူများသည် တာမွေမြို့နယ်ဘက်မှ (၂၆) ကြိမ်မြောက် (၈၈၈၈) ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည် ပိုစတာကိုင် ဆောင်ကာ ကြွေးကြော် သံများ ပာစ်ကြွေးပြီး ခွင့်ပြုချက်မဲ့ စီတန်း လမ်းလျှောက်လာသည် ပာု ဆိုကာ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) အရ အရေးယူပေးပါရန် မြို့နယ် ရဲတပ်ဖွဲ့မှူးမှ တရားလို ပြုလုပ်တိုင်တန်း ခဲ့ပါသည်။

    အဆိုပါ အမှုအား (၂၈.၁.၂၀၁၆) နေ့တွင် တရားစွဲဆို ခဲ့ပြီး ( ၁၈ . ၄ . ၂၀၁၅ ) နေ့တွင် နိုင်ငံတော် သမ္မတ ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပါသည်။

  6. ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် တရားသူကြီးရုံး၊ ၂၀၁၆ ခုနှစ်၊ ရာဇ၀တ်ကြီးမှု အမှတ် (၉၀၉)

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် တရားသူကြီးရုံး၊ ၂၀၁၆ ခုနှစ်၊ ရာဇ၀တ်ကြီးမှု အမှတ် (၉၀၉) တရားလို ဒုဗိုလ်မှူးကြီး မင်းထွဋ် နှင့် တရားခံ ဦးကွမ်ဂျာလီ အမှုတွင် ဦးကွမ်ဂျာလီ အတွက် မြန်မာမီဒီယာ ရှေ့နေကွန်ရက်မှ ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)၊ ဦးအယ်ခွန်ရိန်ပန် (တရားလွှတ်တော်ရှေ့နေ) နှင့် ဒေါ်ဖြူသွယ်ယု (အထက်တန်းရှေ့နေ) တို့မှ လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

    အမှုဖြစ်စဉ်အကျဉ်း -

    ၉.၁၀.၂၀၁၅ ရက်နေ့တွင် Patrick Kum Jaa Lee Account အမည်ဖြင့် လူမှုကွန်ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရုပ်ပုံကို ခြေထောက်ဖြင့် နင်းထားသည့်ပုံအား တင်၍ “ အမျိုးအပေါင်းတို့ ဒီပုံကိုတင်ရင် အရေးယူခံရနိုင်တာမို့လို့ တစ်မျိုးလုံးသိအောင် အမျိုးတိုင်းဆီ ရောက်အောင် ရှယ်ပေးကြပါစို့” ဟု ရေးသားခဲ့သဖြင့် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ့တပ်မတော်အား ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေရန် အသရေ ပျက်စေရန် အများပြည်သူမြင်တွေ့ဖတ်ရှုရန် သတင်းအချက်အလက်အနေဖြင့် လူမှုကွန်ရက်ပေါ်တွင် ဖော်ပြခဲ့သူ ဦးကွမ်ဂျာလီ ဆိုသူအား ဥပဒေအရ အရေးယူပေးပါရန် ဒုတိယဗိုလ်မှူးကြီး မင်းထွဋ် (ရန်ကုန်တိုင်း စစ်ဌာနချုပ်) မှ လှိုင်မြို့မရဲတပ်ဖွဲ့စခန်းသို့ စာရေးသားတိုင်တန်းခဲ့ရာမှ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ပါသည်။

    အဆိုပါအမှုအား (၂၂.၁.၂၀၁၆) ရက်နေ့တွင် တရားရုံးတော်မှ ဦးကွမ်ဂျာလီအား ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အရ ပြစ်မှုထင်ရှားကြောင်း သုံးသပ်ပြီး အလုပ်နှင့်ထောင်ဒဏ် (၆) လ တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။

  7. မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ပြင်ဦးလွင်မြို့နယ် တရားသူကြီးရုံး၊ ၂၀၁၆ ခုနှစ်

    မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ပြင်ဦးလွင်မြို့နယ် တရားသူကြီးရုံး၊ ၂၀၁၆ ခုနှစ်၊ သစ်တောမှုဖြင့် တရားလို သစ်တောဌာန နှင့် တရားခံ ရေပူကျောင်းဆရာတော် အမှုတွင် ရေပူကျောင်း ဆရာတော်အတွက် သစ်တောမှုတွင် မြန်မာ မီဒီယာရှေ့နေများကွန်ရက်မှ ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ) မှ လိုက်ပါ ဆောင်ရွက်ပေးခဲ့သည်။

    အမှုဖြစ်စဉ်အကျဉ်း -

    မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းဆရာတော်သည် ကျောင်းဝင်းအတွင်းရှိ စေတီဟောင်းများကို ရှင်းလင်း၍ ဓာတ်ပေါင်းစုစေတီတစ်ဆူ တည်ထား ကိုးကွယ်ရန် မြေညှိ ရှင်းလင်းခြင်း ဆောင်ရွက်ရာမှ တရားမ၀င် ကျောက်မျက်တူးဖော်သည်ဟု ဆိုကာ ကျောက်မျက် ဌာနက (ပ)၆၃/ ၂၀၁၅ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ) အရ လည်းကောင်း၊ သာသနာ ညှိးနွမ်းစေသည် ဟုဆိုကာ စေတီဟောင်း များအနက် စေတီဟောင်း တစ်ဆူ၏ အလှူရှင်ဟု ဆိုသူ ဦးဖေစိန်က (ပ)၆၄/ ၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့်လည်းကောင်း၊ ဆရာတော်၏ ကျောင်းဝင်း အတွင်း ကျောင်းဆောက်လုပ်ရန် ၀ယ်ယူ စုဆောင်းထားသည့် သစ်များနှင့် ပတ်သက်၍ သစ်တောဌာနမှ သစ်တောဥပဒေပုဒ်မ ၄၂(ခ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကြသည်။

    အဆိုပါ သစ်တောအမှုအား (၁၈.၅.၂၀၁၆) ရက်နေ့တွင် တရားရုံးတော်မှ ရေပူဆရာတော်အား သစ်တောဥပဒေပုဒ်မ ၄၂(ခ) အရ ကျူးလွန်ကြောင်းထင်ရှားသဖြင့် ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဦးလင်းအောင်သူက ငွေကျပ် နှစ်သောင်း (သို့မဟုတ်) ဒဏ်ငွေဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် သုံးလ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

Working Days
Monday-Friday
9:00 AM- 5:00 PM
Our Location
No.91, 1st fl, 39 street, Lower Block,
Kyauktada Tsp, Yangon, Myanmar.
info@myanmarmedialawyers.org secretary@myanmarmedialawyers.org president@myanmarmedialawyers.org

Contact
(+95) 9 453 890 792
(+95) 9 795 586 316
(+95) 9 772 795 241
(+95) 9 43 144 614
(+95) 9 421 074 602